Monday, November 16, 2015

အချိန်​​လေး{1မိနစ်​}​လောက်​​ပေးပြီဖက်​ပါ

အချိန်​​လေး (1မိနစ်​)​လောက်​​ပေးပြီးဖတ်​ကြည့်
ဟာသတော့မဟုတ်ဘူး ဒါမဲ့ ကောင်းပါတယ်ဖက်ကြည့်ပါ ၁မိနစ်ပဲအချိန်ပေး အခုခေတ်မှာ တက်တူးထိုးထားတဲ့သူက အိုက်တတ်လာတယ်၊ IPhone သုံးတဲ့သူတွေက အိတ်ကပ် မရှိတော့ဘူး၊ ဈေးကြီးနာရီပတ်ထားရင် ခြေထောက်ခဏ ခဏဖုန်ခါတယ်၊ ရွှေသွားတပ်ထားရင် စကားပြောများလာကြတယ်။ အခုခေတ်မှာ လက်မထပ်တဲ့သူတွေက လက်ထပ်ထားတဲ့အတိုင်း အတူတူနေတယ်။ လက်ထပ်ထားတဲ့သူတွေက လက်မထပ်ထားသလိုပဲ ခွဲနေကြတာယ်။ တိရစ္ဆာန်က လူတွေလို အင်္ကျီဝတ်တတ်လာတယ်။ လူတွေက တိရစ္ဆာန် တွေလို အသားတွေပေါ်လာကြတယ်။ ကလေးက လူကြီးလိုရင့်ကျက်လာကြတယ်။ (18+) လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်။( နွားအိုမြက်နုကြိုက်) မိန်းကလေးက ယောက်ျားလေးလို မိုက်ရဲလာကြတယ်။ ယောက်ျားလေးက မိန်းကလေးလို ခြောက်လာကြတယ်။ ဆင်းရဲသားက ဂုဏ်အတွက် သူဌေးသားလို ဟန်ဆောင်လာကြတယ်။ သူဌေးသားက အသက်အတွက် ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်။ တိတ်တိတ်ပုန်းက မယားကြီးထက်ပိုချစ်ပြလာကြတယ်။ မယားကြီးက တိတ်တိတ်ပုန်းလို စွန့်ပစ်ခံရမှာ အချိန်ပြည့် စိုးထိတ်နေကြရတယ်။ သူဌေးတွေက မမြတ်ဘူးလို့ ညည်းပြီး တိုက်တွေ တစ်လုံးပြီး တစ်လုံးဖြစ်လာတယ်။ လခစားတွေက လစာထုတ်ရင်ပျော်ပြီး လုံးပါးပါးလာကြတယ်။ တဖြည်းဖြည်းနဲ့ နားလည်လာတာက ငွေသုံးထောင်တန်လက်ပတ်နာရီနဲ့ ငွေသိန်းသုံးဆယ် လက်ပတ်နာရီရဲ့ အချိန်ဟာ အတူတူပါပဲ။ သုံးထောင်တန်အရက်နဲ့ သိန်းသုံးဆယ်အရက် သောက်ပြီးမူးလို့အန်ရင် ဒီအန်ဖတ်ပါပဲ။ ငါးရာတန်ဆေးလိပ်နဲ့ ငါးသိန်းတန်ဆေးလိပ်၊ ကင်ဆာဖြစ်ပုံခြင်းက အတူတူပါပဲ။ ပေသုံးဆယ်ပတ်လည်အိမ်နဲ့ ပေသုံးရာပတ်လည်အိမ်၊ အထီးကျန်ရတာခြင်းက အတူတူပါပဲ။ ရိုးရိုးတန်းမှာစီးတာနဲ့ Bussiness class မှာစီးတာချင်း accident ဖြစ်ရင် အတူတူအိမ်မပြန်ရမှာပါပဲ။ တစ်နေ့ သင်လည်းနားလည်လာလိမ့်မယ်။ ငါတို့တကယ်လိုချင်နေတဲ့အရာတွေက တကယ်လိုအပ်နေတာလား၊ ဒါမှမဟုတ် ငါတို့ မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှုကပဲ တကယ်လိုအပ်ခဲ့တာလား။ လိုချင်လျှင် ဆင်းရဲသည်။ မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ ရောင့်ရဲတင်းတိမ်မှုဆိုတာ လိုအပ်ပါလိမ့်မယ်။ သင်ဘယ်သူနဲ့နေရတာပျော်လဲ၊ ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ။ လူ့အဖြစ်က ရခဲလှပါတယ်။ ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို ချစ်တတ် မြတ်နိုးတတ်ပါစေ။

ရယ်​​မောနိုင်​ကြပါ​စေဗျာ။
Credit >>>>>original



3 comments: