Friday, December 4, 2015
✔Android Book Maker v2.0✔
မိမိတို့Androidဖုန်း​လေးထဲက​နေ၊စာအုပ်​apk
အဖြစ်​ပြုလုပ်​လိုသူများအတွက်​"Android Book
Maker"ဆိုတဲ့appတစ်​ခုတင်​​ပေးလိုက်​ပါတယ်​။
ဒီapk​လေးကိုအသုံးပြုပြီး၊မိမိ​ရေးသားလိုတဲ့စာများ
ကိုစိတ်​တိုင်းကျ​ရေးသားနိုင်​ပြီး၊photoပုံ​လေးများပါ
တွဲထည့်​လို့ရ​စေပြီး၊စာအုပ်​လှန်​သလို၊စာမျက်​နှာများ
pageများကိုလည်းတစ်​ရွက်​ခြင်းစီလှန်​လို့်ရ​စေမှာပါ။
ဒါ့အပြင်​apk name,apk icon,cover photo
စတာ​တွေကိုလည်းမိမိစိတ်​ကြိုက်​ထည့်​သွင်း​ရေးသား
ပြုလုပ်​​စေနိုင်​ပါတယ်
Credit >>> Htoo Phyoe
   <<<< DOWNLOAD >>>>
Tuesday, November 17, 2015
OG YouTube v10.31.55 ဗားရှင်းအသစ်ထွက်ပ
OG YouTube v10.31.55 ဗားရှင်းအသစ်ထွက်ပီ YouTube ကဗွီဒီယိုအားလုံးကို အလွယ်တကူမြန်ဆန်စွာဒေါင်းလုပ်ဆွဲနိုင်တဲ့ OG YouTube ဟာအခုဆိုရင် အသုံးပြုရတာ အရမ်းကောင်းမွန်ပြီး ဗွီဒီယိုဒေါင်းယူရာတွင် ပိုမိုပြီးတော့မြန်ဆန်တဲ့ဒီဇိုင်းအသစ်တွေနဲ့ ထွက်ရှိလာပါပြီ။ မိမိလိုအပ်တဲ့ ဗွီဒီယိုဖိုင်တွေကိုတော့ YouTube တွင်ရှာဖွေသကဲ့သို့ ရှာဖွေပြီး ကြည့်ရှုနိုင်သလိုလဲ ကြိုက်တဲ့ Format တွေကိုရွေးချယ်ပြီး Mp3 or Mp4 ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ နောက်ထက်ထူးခြားတဲ့ ဒီဇိုင်းအသစ်တွေက ဗွီဒီယိုကိုကြည့်တဲ့အခါ ဖုန်း Screen ပေါ်တွင်များစွာသောဗွီဒီယိုဖိုင်တွေကိုကြည့်နိုင်တဲ့အပြင် Mp3 သီချင်းအဖြင့်လည်း Home Screen ပေါ်တွင်နားဆင်နိုင်မည်လည်းဖြစ်သည်။ ဒီဇိုင်းအသစ်ထွက်လာတဲ့ ပုံစံကိုတော့အောက်ကပုံတွေမှာကြည့်လိုက်ပါ။ ယခုOG YouTube ဗွီဒီယိုဒေါင်းယူရာတွင် အလွန်ကောင်းမွန်တဲ့ Mobile Appliation တစ်ခုဖြစ်ပါတယ် လက်မလွှတ်သင့်ပါဘူး။ ဒီဇိုင်းအသစ်နဲ့ ထွက်လာတဲ့ OG Youube ကိုအောက်ကလင်ခ့်မှာအလွယ်တကူဒေါင်းယူနိုင်ပါပြီ။
Credit>>>>​ဆော့လ်​၀ဲလမ်းညွန်
 http://htetnayaung1.blogspot.com 
Monday, November 16, 2015
အချိန်​​လေး{1မိနစ်​}​လောက်​​ပေးပြီဖက်​ပါ
အချိန်​​လေး (1မိနစ်​)​လောက်​​ပေးပြီးဖတ်​ကြည့်
ဟာသတော့မဟုတ်ဘူး ဒါမဲ့ ကောင်းပါတယ်ဖက်ကြည့်ပါ ၁မိနစ်ပဲအချိန်ပေး အခုခေတ်မှာ တက်တူးထိုးထားတဲ့သူက အိုက်တတ်လာတယ်၊ IPhone သုံးတဲ့သူတွေက အိတ်ကပ် မရှိတော့ဘူး၊ ဈေးကြီးနာရီပတ်ထားရင် ခြေထောက်ခဏ ခဏဖုန်ခါတယ်၊ ရွှေသွားတပ်ထားရင် စကားပြောများလာကြတယ်။ အခုခေတ်မှာ လက်မထပ်တဲ့သူတွေက လက်ထပ်ထားတဲ့အတိုင်း အတူတူနေတယ်။ လက်ထပ်ထားတဲ့သူတွေက လက်မထပ်ထားသလိုပဲ ခွဲနေကြတာယ်။ တိရစ္ဆာန်က လူတွေလို အင်္ကျီဝတ်တတ်လာတယ်။ လူတွေက တိရစ္ဆာန် တွေလို အသားတွေပေါ်လာကြတယ်။ ကလေးက လူကြီးလိုရင့်ကျက်လာကြတယ်။ (18+) လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်။( နွားအိုမြက်နုကြိုက်) မိန်းကလေးက ယောက်ျားလေးလို မိုက်ရဲလာကြတယ်။ ယောက်ျားလေးက မိန်းကလေးလို ခြောက်လာကြတယ်။ ဆင်းရဲသားက ဂုဏ်အတွက် သူဌေးသားလို ဟန်ဆောင်လာကြတယ်။ သူဌေးသားက အသက်အတွက် ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်။ တိတ်တိတ်ပုန်းက မယားကြီးထက်ပိုချစ်ပြလာကြတယ်။ မယားကြီးက တိတ်တိတ်ပုန်းလို စွန့်ပစ်ခံရမှာ အချိန်ပြည့် စိုးထိတ်နေကြရတယ်။ သူဌေးတွေက မမြတ်ဘူးလို့ ညည်းပြီး တိုက်တွေ တစ်လုံးပြီး တစ်လုံးဖြစ်လာတယ်။ လခစားတွေက လစာထုတ်ရင်ပျော်ပြီး လုံးပါးပါးလာကြတယ်။ တဖြည်းဖြည်းနဲ့ နားလည်လာတာက ငွေသုံးထောင်တန်လက်ပတ်နာရီနဲ့ ငွေသိန်းသုံးဆယ် လက်ပတ်နာရီရဲ့ အချိန်ဟာ အတူတူပါပဲ။ သုံးထောင်တန်အရက်နဲ့ သိန်းသုံးဆယ်အရက် သောက်ပြီးမူးလို့အန်ရင် ဒီအန်ဖတ်ပါပဲ။ ငါးရာတန်ဆေးလိပ်နဲ့ ငါးသိန်းတန်ဆေးလိပ်၊ ကင်ဆာဖြစ်ပုံခြင်းက အတူတူပါပဲ။ ပေသုံးဆယ်ပတ်လည်အိမ်နဲ့ ပေသုံးရာပတ်လည်အိမ်၊ အထီးကျန်ရတာခြင်းက အတူတူပါပဲ။ ရိုးရိုးတန်းမှာစီးတာနဲ့ Bussiness class မှာစီးတာချင်း accident ဖြစ်ရင် အတူတူအိမ်မပြန်ရမှာပါပဲ။ တစ်နေ့ သင်လည်းနားလည်လာလိမ့်မယ်။ ငါတို့တကယ်လိုချင်နေတဲ့အရာတွေက တကယ်လိုအပ်နေတာလား၊ ဒါမှမဟုတ် ငါတို့ မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှုကပဲ တကယ်လိုအပ်ခဲ့တာလား။ လိုချင်လျှင် ဆင်းရဲသည်။ မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ ရောင့်ရဲတင်းတိမ်မှုဆိုတာ လိုအပ်ပါလိမ့်မယ်။ သင်ဘယ်သူနဲ့နေရတာပျော်လဲ၊ ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ။ လူ့အဖြစ်က ရခဲလှပါတယ်။ ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို ချစ်တတ် မြတ်နိုးတတ်ပါစေ။
ရယ်​​မောနိုင်​ကြပါ​စေဗျာ။
Credit >>>>>original
Thursday, November 5, 2015
Min Oke Kar (ဘီလူးကျွန်းသားလေး) နည်းပညာ: Photo 2 Gif Maker 1.0
Min Oke Kar (ဘီလူးကျွန်းသားလေး) နည်းပညာ: Photo 2 Gif Maker 1.0: ဓါတ်ပုံအရှင်လေးတွေ ကိုယ်တိုင်ပြုလုပ်လို့ရမယ့် apk လေးပါ.. အကို ထူးဇော်ဖြိုး ဆီက မ လာတာပါ .. အကိုထူးဇော်ဖြိုးကို Credit ပေးပါတယ်... Phot...
Saturday, October 31, 2015
New Black List Method (လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ
New Black List Method (လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မှားယွင်းနေပါတယ် လုပ်နည်း)
တောင်သမန်သားလေး / 1 month ago
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာမအားသေးပါရှင် ဆိုတာက ရိုးလွန်းတယ်ဗျာ ဒီတစ်ခါ အဆန်းလေးလုပ်ကြည့်ရအောင်
လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ မှားယွင်းနေပါတယ်ပေါ့၊ အိုကေ Let Start the Party :P
1 : Phone ထဲကိုဝင်ပါ၊
2 : အောက်ကမျဉ်းသုံးကြောင်းကိုနှိပ် ပေါ်လာတဲ့ Setting ဆိုတာထဲ ၀င်
3 : Voice Call ကိုဝင်
4 : Call Forwarding ဆိုတာကိုတွေ့ ပါမယ် ၀င်ပါ၊
5 : Forward when Busy ကိုနှိပ် ပေါ်လာတဲ့အကွက်ထဲမှာ 133 လို့ ထည့်
6 : Forward When Unanswer ကို 5 ကအတိုင်း ထည့်
ဒါဆို ဖုန်းမကိုင်ချင်လို့ ချလိုက်ရင် (လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာမှားယွင်းနေပါတယ်) လို့ ပြောလိမ့်မယ်၊
133 အစား 199 ထည့်လိုက်ရင်တော့ ရဲစခန်းက ဟယ်လိုလုပ်ပါလိမ့်မယ် ၊
ကဲ ပြီးပါပြီ ဗျာ ၊ မသိသေးတဲ့သူများအတွက်ပါ ၊ ၏
PuuPuu (မြောက်ဒဂုံသား)
 www.northdagontharr.blogspot.com 
အဆင်​​ပြေပါ​စေဗျာ>>>​ကျောက်​လုံး(ငတ​ရော်​ရွာ)
 kyautlonengatayaw@gmail.com 
Monday, October 26, 2015
"ဥာဏ်ပြေးတဲ့မိန်းမ"
သ၀န်ကြောင်တဲ့ ခင်ပွန်း – မိန်းမရေ၊ မင်းဘယ်မှာလဲ ..(ဖုန်းဖြင့်)။
ဇနီး- အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း – မင်း ..သေချာလား။
ဇနီး – သေချာတာပေါ့ရှင်။
ခင်ပွန်း – ဒါဆို ..ကြိတ်စက်ခလုတ် ကို ဖွင့်လိုက်စမ်း။
ဇနီး – (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ..။
ခင်ပွန်း – ကောင်းပြီ။ တာ့တာ။ ညနေကျမှ အိမ်မှာ တွေ့ကြမယ်။
နောက်တစ်နေ့ ….
သ၀န်ကြောင်တဲ့ ခင်ပွန်း – မိန်းမရေ၊ မင်းဘယ်မှာလဲ။
ဇနီး – အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း – သေချာလား။
ဇနီး – သေချာတာပေါ့ရှင်။
ခင်ပွန်း – ဒါဆို ..ကြိတ်စက်ခလုတို ဖွင့်လိုက်စမ်း။
ဇနီး – (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး …။
ခင်ပွန်း – ကောင်းပြီ။ ညနေ ကိုယ် အိမ်ပြန်အလာကို အပေါက်ဝမှာ ကြိုနေနော်။
နောက်တစ်နေ့မှာတော့ ယောက်ျားဖြစ်သူဟာ သူ့မိန်းမကို အသိမပေးဘဲ အိမ်ကို ပြန်ကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။
အိမ်ရောက်တဲ့အခါ သူတို့ရဲ့ သားဖြစ်သူကိုသာ တစ်ယောက်တည်း တွေ့ရတာမို့
“သားရေ .. မင်းအမေ ဘယ်မှာလဲကွ”လို့ မေးလိုက်ပါတယ်။
“သား – မသိဘူး .. အဖေရဲ့။ ကြိတ်စက် တစ်လုံးဆွဲပြီး အမေ အပြင်ထွက်သွားတာပဲ။”
Ctedit to>>>>Original
"ဟာသအပိုင်း အစ​လေးများ"
"ဒေါ်လာ 800"
ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပွန်းသည်ဟာ ရေချိုးဖို့ အခန်းထဲ ဝင်သွားတယ်။ အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က မောင်ဇော်ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ မောင်ဇော်က
"ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်"
လို့ ကမ်းလှမ်းလိုက်တယ်။ ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ မောင်ဇော်အရှေ့မှာ ရပ်နေလိုက်တယ်။ နည်းနည်းကြာမှ မောင်ဇော်က သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ကို လှမ်းပေးလိုက်ပြီး အိမ်ပြန်သွားတယ်။ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး အိမ်ပေါ် ပြန်တက်လာတယ်။ သူ အခန်းထဲ ရောက်တော့ သူ့ ခင်ပွန်းသည်က "အောက်က ဘယ်သူလဲ" လို့ လှမ်းမေးလိုက်တယ်။ "တစ်အိမ်ကျော်က မောင်ဇော်ပါ" လို့ ပြန်ဖြေလိုက်တယ်။ အဲဒီတော့ ခင်ပွန်းသည်က အားရဝမ်းသာနဲ့ ပြောလိုက်တာက
"ဟေ ... ဟုတ်လား။ ငါ့ကို ပေးစရာရှိတဲ့ ဒေါ်လာ ၈၀၀ နဲ့ပတ်သက်ပြီး ဘာပြောသွားသေးလဲ" တဲ့..........
ဒါလည်းဟုတ်သားပဲ
ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ
မှားတက်ပလေ
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။
စေတနာရှင်
မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ
လူတစ်ယောက် မြက်စားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့
ဒရိုင်ဘာကို ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို
မေးပါတယ်။
“မင်းဘာလို့ မြက်တွေ စားနေတာလဲ။”
“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။”
လို့ အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။
အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိသေးတယ်။” လို့
ပြောတော့ ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့
အားလုံးကားထဲကို ရောက်တော့ မြက်စားနေတဲ့လူက
“ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ
အလွန်ကြင်နာတတ်တဲ့သူပဲ။” လို့ ရှေ့နေကို ပြောပါတယ်။
ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။လို့ ငါ့အိမ်က မြက်ပင်တွေက ၁
ပေလောက်ရှည်တယ်”  ပြန်ပြောလိုက်ပါတယ်။
Credit>>>>>>Original